ကျွန်မမေ့ထားနိုင်ပြီဟုထင်သော အချိန်အပိုင်းအခြားတခုပြည့်သွားပြီ။ကျွန်မရင်ထဲက ခံစားချက်တွေလည်း အနည်ထိုင်ကုန်ပြီဟု ယူဆထားမိသည်။တကယ်တမ်းတော့ ထိုသို့မဟုတ်ပေ။ကျွန်မ သူ့ကို ပြန်တွေ့လိုက်ရတဲ့ အချိန်တစ်က္ကန့်လောက်နဲ့တင်ကို ကျွန်မရင်ထဲတွင် ကြည်နူးသွားရသည်။၃နှစ်ဆိုသည့် အတိုင်းအတာဆိုတာက တကယ်တော့ ဘာမှမဟုတ်သော အကန့်အသတ်တစ်ခုပင်။အဆက်ဟောင်းဆိုသည့် စကားကို အသည်းနာနာနှင့်ပင် လက်ခံလိုက်ရသည်။
ပုံရိပ်ဆိုတာမျိုးက မှန်ရှေ့ရပ်နေချိန်တွင်သာ မြင်ရသော အရိပ်တစ်ခုပင်။ကျွန်မနှင့်သူ၏ ပတ်သတ်ဆက်နွယ်မှုသည်လည်း သက်တန့်လိုပင်။ခဏလေးနှင့် ပျောက်ပျက်သွားကြရသည်။ဘာကြောင့်လဲဆိုတာကို ကျွန်မကိုယ်တိုင်တောင် နားမလည်ခဲ့ပေ။အမှတ်တမဲ့ဆို တကယ်အမှတ်တမဲ့လေး။ကျွန်မနှင့်သူ့ကြားက နံရံလေးက ပါးလွန်းသည်ထင်သည်။ခဏလေးနဲ့ကို ပေါက်ပြဲသွားသည်။အချစ်လား.........။အစအနတောင် ရှာမတွေ့ခဲ့သော စကားဆန်းတစ်ခုလိုပင်။
'နင့်ကို ချစ်တယ်'
ကျွန်မကြားနိုင်ရုံ အသံလေး။သို့သော် တိုးပေမဲ့ ကြည်နူးခဲ့ရသော အချိန်လေးတစ်ခုပင်။(တခါတရံ ထိုအချိန်လေးကို ပြန်စိတ်ကူးကြည့်မိသေးသည်)ကျွန်မ သူ့ကို ဘယ်လောက်ချစ်လဲဆိုတာကို ကျွန်မကိုယ်တိုင်တောင် မသိနိုင်လောက်အောင်ကို ချစ်ခဲ့ဖူးပေမဲ့ အချစ်နှင့် လမ်းခွဲခြင်းက ဘာမှမသက်ဆိုင်ခဲ့ပေ။ ကျွန်မလို အတ္တကြီးသော မိန်းမတစ်ယောက်၏ အချစ်ခံရခြင်းသည် ထောင်တစ်ခုနှင့် ပိုတူပေလိမ့်မည်။ကျွန်မပေးသလောက် ကျွန်မပြန်ရချင်တတ်သောစိတ်..........။အရာအားလုံးလွန်ကုန်ပြီ။ဘ၀ဆိုတာ ခွေတွေလို နောက်ပြန်ရစ်လို့မရသလို ရှေ့ကြိုကြည့်လို့ မရနိုင်ခဲ့ပေ။နောက်ဆုံးတော့လည်း။
အချစ်ဆိုတာ ကျွန်မဘ၀အတွက် နောက်ဆုံးတွင် ရှိသည်ဟု ထင်ထားခဲ့သည်မှာ အလွန်လွဲမှားခြင်းတစ်ခုပင်။တကယ်တော့ အချစ်ဆိုတာ ချစ်တတ်သော နှလုံးသားတစ်ခုရှိသူတိုင်းရဲ့ ရင်ထဲမှာ(ထိပ်ဆုံးမှာ)ကိန်းအောင်းနေတတ်သော အရာတစ်ခုပင်ဖြစ်သည်။သူ့ကို မေ့နိုင်ဖို့ တကယ်တမ်း မာနနှင့်ကြိုးစားကြည့်သော်လည်း မအောင်မြင်ခဲ့ပေ။သူမရှိသောဘ၀တွင် အသားကျအောင်ကျွန်မ မနည်းကြိုးစားခဲ့ဖူးသည်။သူ့အကြောင်းစဉ်းစားမိလိုက်တိုင်း ကျွန်မခေါင်းထဲက ဆေးစာတွေ ထွက်ပြေးကုန်သည်။ကျွန်မ ကမ္ဘာကိုလည်း မေ့လျော့ကုန်သည်။ကျွန်မ ငိုခဲ့လား။အဲတာလည်း မသေချာပြန်ပါ။
ခံနိုင်ရည်ဆိုသည်ကို ဘယ်အရာနှင့်တိုင်းလဲကို ကျွန်မ မသိချင်ပါ။ကျွန်မဘာသာ ကျွန်မ ခံနိုင်ရည်ရှိသည်ဟု ခံယူထားသည်။သူ့ကို နောင်တချိန်ပြန်တွေ့လျှင် ဘယ်အခြေအနေနှင့်ပဲ တွေ့ရတွေ့ရ ကျွန်မ တုန်လှုပ်ခြင်းမရှိ တမ်းတခြင်းမရှိ နှုတ်ဆက်ပြုံးပြနိုင်ပေလိမ့်မည်။ သူ့ကို ကျွန်မမချစ်တော့ဘူးဟု ခံယူချင်မိသည်။တကယ်ကော ဖြစ်လာ မလာကို ကျွန်မ ကိုယ်တွေ့ကြုံမှ သိရပေမည်။
သူဝင်လာတည်းက ကျွန်မ မြင်ပါသည်။သူနှင့် ကျွန်မတို့ မမကြီး(ဆေးရုံအုပ်ကြီး)မွေးနေ့ပွဲနှင့် မည်သို့သက်ဆိုင်သည်ကိုတော့မသိပေ။သူ့ကို မြင်လိုက်ရရုံနှင့် ဟိုအရင်တုန်းကလို ရင်ထဲနွေးထွေးဆဲ။ဘုရားရေ ကျွန်မရင်ခုန်သံတွေ အဆုံးမသတ်သေးပါလား။သူ ကျွန်မကို မမြင်သေးပေမဲ့ အချိန်အနည်းငယ်အတွင်း ကျွန်မ ရောက်နေမှန်း သိပေလိမ့်မည်။ကျွန်မ တွေးနေသည့် အချိန်ပိုင်းအတွင်း သူ ကျွန်မရောက်နေမှန်းသိသွားလေပြီ။ကျွန်မဆီကို သူ လှမ်းလာနေပြီ။ဟိုအရင်တုန်းက ချစ်သူဘ၀မျိုးဆိုရင်တော့ ကျွန်မ ပျော်ရွှင်ကောင်း ပျော်ရွှင်လိမ့်မည်။အခုတော့ သူစိမ်းမဟုတ်သော သူစိမ်းတစ်ယောက်။
' အဆင်ပြေတယ် မလား '
သူ့အသံတွင် ဟိုအရင်တုန်းကလိုတော့ ကြည်နူးမှု မပါတော့ပေ။ကြာလည်း ကြာခဲ့ပြီလေ။ကျွန်မ မျက်နှာတွင် အလွန်ပီပြင်သော အပြုံးတစ်ခု တပ်ဆင်ကာ
' ပြေပါတယ်။'
ဟုတ်ပါသည်။ကျွန်မ ဘယ်လောက်ပဲ လွမ်းလွမ်း သူ့ရှေ့တွင် ကောင်းကောင်းဟန်ဆောင်နိုင်ရမည်။ကျွန်မအတွက် သူလား........မရှိမဖြစ်မဟုတ်တော့အောင်တော့ ကျွန်မ ၃ နှစ်အတွင်း ကြိုးစားနိုင်ခဲ့ပြီ။ဒီ အပြုံးတုတွေ ကျွန်မ တသက်လုံး ပြုံးပြနိုင်အောင် ကျွန်မထပ်ကြိုးစားရပေဦးမည်။
ပန်းရင့်ရောင်
စာ ပြန်စရေးပေမဲ့ ဘယ်လို ရေးရမယ် မသိသေးလို့ ကမောက်ကမ အရေးအသားနဲ့ပဲ စနှုတ်ဆက်လိုက်ပါတယ်။ဖတ်ကောင်းမှာ မဟုတ်တဲ့ အတွက် တောင်းပန်ပါတယ်။ကျေးဇူးလည်း တင်ပါတယ်ရှင်။
လေးစားလျက်
ပန်းရင့်ရောင်
Monday, January 17, 2011
သူနဲ့ ဝေးခဲ့တုန်းက
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 5:21 AM 4 ပြောချင်တာတွေ
Thursday, December 23, 2010
စာပြန်ရေးတော့မည်
နေမကောင်းတာရော ပျင်းတာရော အလုပ်များတာရော.........အကြောင်းပြချက်ပေါင်းများစွာနဲ့ ကျွန်မ ဘလော့လောကကို ခေတ္တစွန့်ခွာဖူးပါတယ်။ဘလော့ဂါကို ၀င်မရတော့တဲ့နောက်ပိုင်း ကျွန်မ ဘလော့မရေးတော့ဘူးလို့တော့ စဉ်းစားမိပါသေးတယ်။ အခုတော့ ကျွန်မ အနားယူလို့လည်း ၀ပြီဆိုတော့ ပြန်ရေးဖို့ ဆုံးဖြတ်ထားပါတယ်။ဘလော့ဂါကို ၀င်လို့ရမဲ့ နည်းလမ်းကောင်းများ software များရှိရင်လည်း ပြောပြ အကြံပေးစေလိုပါတယ်။setting နည်းနည်းပြောင်းလိုက်လို့ လင့်ချိတ်ထားတာတွေ ပျောက်ကုန်လို့ လင့်များကို ကျွန်မရဲ့ မေးလ် blog.pinkgirl@gmail.com ကို ပို့ပေးကြဖို့ တောင်းဆိုချင်ပါတယ်ရှင်။နောက်လလောက်ကျရင် လင့်တွေပြန်ချိတ်ပြီး စာပြန်ရေးတော့မှာ ဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။
အားလုံးကို လေးစားလျက်
ပန်းရင့်ရောင်
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 5:52 AM 3 ပြောချင်တာတွေ
Sunday, September 26, 2010
ရင်ထဲက ပုံရိပ်
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 2:37 AM 4 ပြောချင်တာတွေ
Labels: ၀တ္ထုတို
Tuesday, August 31, 2010
လက်တွဲဖော်
တစ်ခါတရံ အချစ်ဆိုတာဟာ ပဉ္စလက်ဆန်စွာ ၀င်ရောက်တတ်တယ်လေ။ ကျွန်မ သူ့နဲ့စတွေ့တဲ့အချိန်က ကျွန်မ ဘွဲ့ရပြီးလို့ မန်းလေးကို အလည်သွားတဲ့အချိန်။ သူက မန်းလေးဆင်း၊ကျွန်မက မကွေးဆင်း။ same batch ဆိုပေမဲ့ ကျောင်းမတူတော့ မသိကြဘူး။ မန်းလေးကို ကျွန်မ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အလည်သွားတဲ့အချိန်မှာ သူနဲ့ စတွေ့ခဲ့တယ်။ ကိုယ့်အသိုင်းအ၀ို
ကျွန်မကိုယ်ကျွန်မ အမြဲတမ်း မလုံမလဲဖြစ်နေရတဲ့ ခံစားမှုကို ကျွန်မမုန်းပါတယ်။ သူနဲ့ ကျွန်မကြားမှာ စည်းတစ်ခုခြားနေမှန်း သိနေတော့ သူရော ကျွန်မပါ ရှေ့ဆက်မတိုးမိကြဘူး။ ကျွန်မဟာ ကျွန်မရဲ့အချစ်ထက် ကတိသစ္စာတရားကို ပိုပြီး အလေးထားမိတယ်။ နိုင်ဇော်ရော ကျွန်မအပေါ်ဘယ်လိုရှိမလဲ ကျွန်မ မတွေးမိဘူး။ နိုင်ဇော်လည်း ကျွန်မလိုပဲ တန်ဖိုးထားမယ်လို့ပဲ တွေးခဲ့ဖူးတယ်။ ကျွန်မ တာဝန်ကျတဲ့ နှစ်မှာ နိုင်ဇော်နဲ့ ဖုန်းအဆက်အသွယ်ပဲ ရှိခဲ့တယ်။ နိုင်ဇော်မှာ သူသိပ်ချစ်ရတဲ့ ချစ်သူတစ်ယောက်ရနေမှန်းလည်း ကျွန်မမသိခဲ့ဘူး။ သူကတော့ ကျွန်မဆီ သူငယ်ချင်းတစ်ယောက်လို ဖုန်းဆက်သွယ်တာ မကွေးရောက်ဖြစ်ရင် လာတွေ့တာကလွဲလို့ ဘာမှမထူးခြားခဲ့ဘူး။ သူရဲ့မထူြး
သစ္စာတရားဆိုတာက တစ်ယောက်တည်းထိန်းတိုင်း မပြတ်နိုင်တာမှ မဟုတ်တာ။ နှစ်ဦးနှစ်ဘက် ချိန်ခွင်လို ထိန်းနေနိုင်မှလေ။ နိုင်ဇော်ဘက်က ပျက်ကွက်မှုကို ကျွန်မသိလိုက်ရတဲ့အချိန်မှာ ကျွန်မရဲ့ အချစ်ကော ကျွန်မရဲ့ ဂုဏ်သိက္ခာတွေရော အကုန် မရှိတော့ဘူး။ သူက ကျွန်မကို ချစ်တယ်လို့ ဖွင့်ပြောတဲ့အချိန် ကျွန်မငြင်းခဲ့မိတဲ့နောက်ပိုင်း
တကယ်တော့ လက်တွဲဖော်ဆိုတာ........အချစ်
အဆုံး
သူမ ပူတာအိုမြို့မှာ တာဝန်ကျနေမှန်း သူသိပါသည်။သူလည်း မြစ်ကြီးနားမှာ တာဝန်ကျနေပါသည်။ သူမရှိရာကို သူသွားချင်ပေမဲ့ သူမကတွေ့ချင်လိမ့်မည်မဟုတ်ဟု ထင်လို့ မသွားဖြစ်တော့ပါ။ သူမကို သူစောင့်မျှော်နေသေးသည် ဆိုတာကို သူမသိလျှင် သူမဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို သိချင်ပါသည်။
စာရေးသူ - ပန်းရင့်ရောင်
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 1:11 AM 7 ပြောချင်တာတွေ
Labels: ၀တ္ထုတို
Friday, July 2, 2010
အိပ်မက်ဆိုးတွင် လမ်းလျှောက်သူ
ကျွန်မအိပ်ယာနိုးလာတော့ မိုးတိတ်နေပြီ။ရေချိုးပြီး ဆိုင်ကယ်လေးထုတ်ကာ အပြင်ကို ထွက်ခဲ့လိုက်သည်။သွားစရာနေရာကလည်း ရေရေရာရာမရှိတော့ ကရိမ်နော်ဘက်ကိုပဲ မောင်းလိုက်သည်။မြစ်ရေကလည်း တော်တော်တက်နေပေမဲ့ ရှုခင်းကကောင်းသည်။ကော်ဖီတစ်ခွက်ကိုမှာသောက်ရင်း chemistry note ထုတ်နေလိုက်သည်။လုပ်စရာလည်း ထွေထွေထူးထူးမရှိပေဘက်ည(၇)နာရီတွင် ကလေးတွေကို စာပြပေးရဦးမည်မို့ ကြာကြာနေလို့တော့ မရပေ။
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 10:04 PM 4 ပြောချင်တာတွေ
Labels: ၀တ္ထုတို