ဒေါက်တာပန်းရင့်ရောင် ခင်ဗျာ...
Saturday, December 26, 2009
ကံကို ယုံကြသော လူသားများ
ဒေါက်တာပန်းရင့်ရောင် ခင်ဗျာ...
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 9:47 PM 19 ပြောချင်တာတွေ
Labels: ရေးမိရေးရာ
Friday, December 25, 2009
မလွမ်းချင်ဘူး ခရစ်စမတ်ရယ်
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 5:31 AM 4 ပြောချင်တာတွေ
Labels: အမှတ်တရ
Monday, December 21, 2009
မဝေးတော့သော အနာဂါတ်
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆန္ဒပြုလျက်
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 12:16 AM 9 ပြောချင်တာတွေ
Labels: တဂ်ပို့စ်
Friday, December 18, 2009
ကျွန်မ စာတစ်ပုဒ်ကို ဘယ်လိုအသက်သွင်းလေ့ရှိသလဲ
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 5:17 AM 2 ပြောချင်တာတွေ
Labels: ရေးမိရေးရာ
Tuesday, December 8, 2009
အနာပါသွားသော ပန်းသီး

ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 3:21 AM 6 ပြောချင်တာတွေ
Labels: ၀တ္ထုတို
Wednesday, December 2, 2009
ကိုယ်ယုံကြည်ရာ(ဒါလေးတွေကို ယုံပါတယ်) နှင့် တဂ်ကြွေးတောင်းခြင်း
ကျွန်မဘာတွေကို ယုံကြည်တတ်သလဲ........
(၂) မက်မက်(မတဂ်လိုက်ရရင် စားမ၀င် အိပ်မပျော်မှာဆိုးလို့:P)(ရေးပြီး)
(၃) နှင်းဆီချစ်တဲ့ကောင်မလေး(ရေးပြီး)
(၄) ၀ိုင်း(ရေးပြီး)
(၅) ၀က်ဝံလေး(ရေးပြီး)
(၆) အစ်မကြည်ဖြူပိုင်(ရေးပြီး)
(၇) အစ်မမိုးခါး(ရေးပြီး)
(၈) အစ်မရွှေပြည်သူ
(၉) မေလေးလွင်(ရေးပြီး)
(၁၀) သက်တန့်ချို(ရေးပြီး)
(၁၁) နွယ်ရိုး
(၁၂) ချစ်လား
(၁၃) မိုးအိမ့်ဖြူ(ကိုလဂွမ်းအိမ်)
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 11:39 PM 3 ပြောချင်တာတွေ
Labels: တဂ်ပို့စ်
အလွမ်းတွေ ဆေးတဲ့ည
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 4:42 AM 2 ပြောချင်တာတွေ
Labels: ၀တ္ထုတို
Tuesday, December 1, 2009
ဖဲကြိုးနီလေးရဲ့ အဓိပ္ပါယ်
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 5:29 AM 0 ပြောချင်တာတွေ
Labels: အမှတ်တရ
နွေးထွေးခိုင်မာသော လက်တစ်စုံ
အာစရိယပူဇော်ပွဲနီးလာလို့ ကျွန်မတို့အတန်းခေါင်းဆောင်တွေအလုပ်များနေတော့ ထိုကောင်မလေးကို ခဏတော့မေ့မေ့ပျောက်ပျောက် ရှိနေမိသည်။သို့သော် အမှတ်မထင် ကျောင်းဆင်းချိန်တွင်ပြန်လည်တွေ့ဆုံမိလေသည်။ထိုနေ့က အလုပ်များနေလို့ ကျောင်းပြန်တာနောက်ကျနေသဖြင့် လောလောနှင့်ကျောင်းကအထွက်တွင် ကျောင်းရှေ့တွင် ငြိမ်ငြိမ်လေးရပ်နေသော ကောင်မလေးကြောင့် သူမအနားကို သွားလိုက်မိသည်။ကျွန်မလက်အစုံက သူမ၏ပုခုံးကိုထိကိုင်ကာ
“ညီမလေး မပြန်သေးဘူးလား”ဟု ခင်မင်စွာပဲ မေးလိုက်မိသည်။ပထမတော့ သူမသည် ကျွန်မကိုကြောင်ကြည့်နေသည်။နောက်မှ “ဟုတ်ကဲ့” ဟု ကြားလောက်ရုံတိုးတိုးလေးသာ ဖြေလေသည်။“ဘယ်အထိပြန်ရမှာလဲ” ဟုမေးတော့ သူမပြောပြသောနေရာက ကျွန်မအိမ်နှင့်တလမ်းထဲပင်။ကျွန်မအမှုမဲ့ အမှတ်မဲ့နေလို့ သတိမထားမိတာလား။ဒါမှမဟုတ်........သူမကပဲ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်မဲ့နေလို့လား။
ကျွန်မနှင့်ရပ်နေစဉ် ကောင်မလေးကိုလာကြိုသောကားတစ်စီးေ၇ာက်လာသည်။သူမက ကျွန်မကိုပြုံးပြနှုတ်ဆက်သွားပြီး သွားလိုက်လေသည်။ကျွန်မကထိုအချိန်မှ သူမနာမည်မေးဖို့ သတိရလေသည်။ဟတ်ခနဲ တစ်ချက်ရယ်ပြီး ဆိုင်ကယ်ကို သူမတို့ကားနောက်မှ မောင်းလိုက်ခဲ့လေသည်။
နောက်နေ့ကျောင်းကို ကျွန်မစောစောလာပြီး သူမရှိသောအခန်းမှာ သူမကို သွားရှာမိလေသည်။နာမည်မသိတော့ တောင်ကြည့်မြောက်ကြည့်လုပ်ပြီး မချောက မရောက်သေးတော့ အတန်းရှေ့တွင် ဝှေ့လည်ကြောင်ပတ်လုပ်ကာ စောင့်နေလိုက်သည်။ကျောင်းတက်ချိန်နီးမှ သူမက ခပ်ကုတ်ကုတ်လာလေသည်။
“ညီမလေး ခဏ” ဟု သူမကို လှမ်းခေါ်တော့ ကျွန်မကို မှတ်မိသလိုပြုံးပြသည်။
“ညီမလေး နာမည် ဘယ်လိုခေါ်လဲ”
“ခိုင်နွယ်ညိုပါ အမ”
“ကေ အစ်မက နွေးဟန်နီ။လမ်းမှာတွေ့ရင်ခေါ် ခုတော့ မုန့်စားဆင်းရင် ညီမလေးကို အစ်မလာရှာမယ် စောင့်နေနော် သွားတော့ ကျောင်းတက်တော့မယ်” ဟုပြောတော့ သူမက ကြောင်တောင်တောင်နှင့်ကြည့်ကာထွက်သွားလေသည်။လမ်းမှာတွေ့ရင်ဆိုသောစကားကို သူမအတွက်နေ့တိုင်းဖြစ်လာမည်ဟု ကောင်မလေးမသိသွားသည်မှာတော့ သိပ်တော့မထူးဆန်းပေ။
မုန့်စားကျောင်းဆင်းတော့ ကျွန်မကို အတန်းထဲတွင် ထိုင်စောင့်နေသော ခိုင်နွယ်ညိုဟူသော ကောင်မလေးကို တွေ့ရလေသည်။
`ညီမလေး ...´ ဟု ကျွန်မခေါ်လိုက်သောအခါ မော့ကြည့်သော သူမမျက်ဝန်းတွင် အားငယ်ရိပ်ကိုတွေ့ရသည်။ထိုအားငယ်ရိပ်လေးက ကျွန်မကိုညတိုင်း စာကျက်ပျက်အောင် တွေးစေနိုင်လေသည်။
`ညီမလေး..အစ်မကို ရင်းရင်းနှီးနှီးခေါ်ပြောဆက်ဆံပါ။မကြောက်ပါနဲ့ ။အစ်မက ခင်တတ်ပါတယ်´
`ဟုတ်´
ကျွန်မနှင့်သူမ စကားပြောနေသည်ကို အတန်းထဲကကျောင်းသူကျောင်းသားတစ်ချို့က အံသြစွာကြည့်နေကြသည်။လူလူချင်းစကားပြောနေသည်ကို ဘာများထူးဆန်းနေပါလိမ့်။သူမနှင့်ရင်းရင်းနှီးနှီးစကားပြောနေတုန်း ကျောင်းတက်ခေါင်းလောင်းပြန်ထိုး၍ ပြန်ဖို့ပြင်ရလေသည်။
`အကူအညီလိုရင် ဒါမှမဟုတ် စိတ်ညစ်တဲ့အချိန်ကျရင် အစ်မကို သတိရလိုက်နော်။အစ်မက 10 A 7 ( ဘိုင်အိုတွဲ) က´ ဟုပြောခဲ့ကာ လစ်ခဲ့လေသည်။ညနေကျောင်းဆင်းတော့ အိမ်ကလာကြိုသည်ကိုစောင့်နေသော ကောင်မလေးကို အတင်းဆိုင်ကယ်ပေါ်ခေါ်တင်ကာ ပြန်ခဲ့လေသည်။သူမနှင့် တော်တော်ရင်းနှီးလာခဲ့ပေမဲ့ သူမအကြောင်းကို မမေးမိသေးပေ။
ခိုင်နွယ်ညိုဟူသော ကောင်မလေးနှင့် ခင်တာတဖြည်းဖြည်းကြာလာသော်အခါ သူမတွင်သူငယ်ချင်းမရှိကြောင်း အားငယ်တတ်ကြောင်းကို စိတ်မကောင်းစွာသိရလေသည်။တစ်ခုသောညနေခင်းတွင် အိမ်ပြန်နောက်ကျသော မေမေ့ကို ဘာရယ်မဟုတ်မေးကြည့်မိသည်။
`မေမေ နောက်ကျတယ်ကော ဘယ်တွေဝင်နေတာလဲ´
`လမ်းထိပ်နားက မေမေ့အသိအိမ်ကို လူနာသွားကြည့်ပေးတာပါ´
မေမေ့စကားကြောင့် ကျွန်မနည်းနည်းလန့်သွားသည်။ထိုတိုက်သည် ခိုင်နွယ်ညိုတို့တိုက်မဟုတ်ပါလော။
`ဘယ်သူ ဘာဖြစ်လို့လဲ´
`အော် သမီးတို့ကျောင်းက ခိုင်နွယ်ညိုဆိုတဲ့ကလေးမလေးကို သိလား သမီး။ခုဖြစ်တာ သူ့အဖေပေါ့။A ကိုက်နေတာလေ (AIDS ရောဂါသည်) ။သူ့မိန်းမကတော့ လွန်ခဲ့တဲ့ (၂)နှစ်က ဆုံးပြီ။ခုတော့ သူ့အလှည့်ပေါ့။ဖေဖေမရှိလည်း ဘာမှတော့ မဖြစ်တော့ပါဘူး။အန်တီလေးတို့က ငယ်ငယ်တည်းက သမီးကို စောင့်ရှောက်လာတာ´
မေမေ့စကားတွေကြောင့် သူမကို လူတွေဘာကြောင့် အဖတ်မလုပ်သလဲဆိုတာ သိလိုက်ရသည်။လူတစ်ယောက်ကို အပြစ်မရှိပဲနဲ့ ကိုယ်ချင်းစာစိတ်မရှိပဲ ပစ်ထားရက်သည်။
ခိုင်နွယ်ညိုသည် နေသာသော နေ့တစ်နေ့တွင် သူမအကြောင်းကို ကျွန်မအားစိတ်လိုလက်ရပြောပြလေသည်။
`မဟန်.......သမီးမေမေက အေ့စ်နဲ့ ဆုံးတာလေ။သမီး(၇)တန်းလောက်ကပေါ့။ဖေဖေ့ဆီက ကူးတာလေ။ဖေဖေက သူ့မိုက်ပြစ်ကို အခုမှခံစားနေရတာ။သိပ်ခံမှာမဟုတ်ပါဘူး။သွားရတော့မှာ။ဖေဖေက ပိုက်ဆံရှာရင်းနဲ့ အပျော်အပါးလိုက်စားတယ်။အဲတာကနေ ရလာပြီး မေမေဆီကူးတာ။သမီးကို မကူးတာတောင် ကံကောင်း။ဒါကြောင့် လူတွေက သမီးတို့ကို မခေါ်ချင်ကြတော့တာ´
သူမပြောသည်မှာ ထွေထွေထူးထူးမဟုတ်ပေမဲ့ ကျွန်မသူမကို ဂရုဏာသက်မိသည်။ကလေးတွေစိတ်ဓါတ်မည်မျှကျဆင်းသွားလိမ့်မလဲ။ဘယ်လောက်များ အားငယ်ပြီး လူတောမတိုးရဲလိုက်မလဲ။
ကျွန်မသည် သိလွန်းတတ်လွန်းသူတော့မဟုတ်ပေမဲ့ ဆရာဝန်မ သမီးပီပီ အနည်းအကျဉ်းတော့နားလည်ပါသည်။ထို့ကြောင့်ပဲ သူမကို အားပေးမိပါသည်။
`ညီမလေး.......ဘာမှစိတ်ဓါတ်မကျနဲ့။အစ်မပြော သေချာနားထောင်။လောကဓံတရားက လူတိုင်းကိုရိုက်တတ်ပါတယ်။အဲအခါ စိတ်ဓါတ်မကျပဲ ခံနိုင်တဲ့လူက အနိုင်ပဲ။ညီမမှာ ရောဂါမရှိဘူး။တကယ်လို့ ရှိခဲ့လည်း စိတ်ညစ်စရာမလိုဘူး။လူဟာ လူပဲ ဘာမှမပြောင်းလဲဘူး။အဓိက က အရှုံးမပေးပဲ ဆက်လျှောက်ဖို့ပဲ။ညီမဘာမှ အားမငယ်နဲ့။´
သူမလက်ကို ကျွန်မဆုပ်ကိုင်ပြီး
`ညီမအတွက် အစ်မနွေးထွေးခိုင်မာတဲ့လက်တစ်စုံ အစ်မပေးထားတယ်။အဲလက်လေးက နားလည်မှုတရားတွေ နွေးထွေးမှုတွေ စာနာမှုတွေ ချစ်ခင်မှုတွေ အကုန်ပါပြီး ခိုင်မြဲတယ်။ညီမက ဒီလက်တစ်စုံကို ဆုပ်ကိုင်ပြီး ဘ၀ခရီးဆက်ပါ´ ဟုဆက်ပြောမိသည်။သူမမျက်ဝန်းတွင် ၀မ်းသာမှုတွေ ပျော်ရွှင်မှုတွေ ရစ်သိုင်းနေပါသည်။
ကျွန်မဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ်တက်နေစဉ်တစ်လျှောက်သူမနှင့်မတွေ့ရသော်လည်း စကားတော့ ပြောဖြစ်သည်။သူမသည် ကျွန်မလက်ကို သေချာဆုပ်ကိုင်ပြီး ကျွန်မရှိရာ ဆေးကျောင်းသို့ပင် လိုက်လာလိုက်သေးသည်။ယခုအချိန်တွင် သူမသည် ဒေါက်တာ ခိုင်နွယ်ညိုဟူသော အမည်ဖြင့် လူနာတွေကြားထဲတွင် ထင်ရှားနေလေရဲ့။ကျွန်မပေးခဲ့သော လက်တစ်စုံက အောင်မြင်မှု ယုံကြည်မှုတွေဖြစ်လာလိမ့်မည်ဟု မတွေးမိခဲ့ပေမဲ့ သူမအတွက်တော့ အစားထိုးမရနိုင်သော ဆုလဒ်တစ်ခုပင်။
သင်တို့ရော အေ့စ်ရောဂါသည် လူနာတစ်ယောက် ဒါမှမဟုတ် အေ့စ်ရိုက်ခတ်မှုမှ ပေါက်ဖွားလာသော မိသားစုဝင်တစ်ယောက်ကို ထိုလက်မျိုးပေးဖူးပါသလား။ထိုလက်သည် တန်ဖိုးကြီးသည်။ဘ၀ကို တည့်မတ်ပေးနိုင်သည်။သူတစ်ပါးအတွက် အားအင်ဖြစ်နိုင်သည်။ထို့ကြောင့် သင်တို့လက်တစ်စုံကို အလကားမထားပါနှင့်။လိုအပ်နေသော လူသားတစ်ယောက်အတွက် အထူးသဖြင့် AIDS / HIV နှင့် ဆက်နွယ်နေသောလူတစ်ယောက်ကို ပေးလိုက်ပါ။
နွေးထွေးခိုင်မာသော လက်အစုံတို့ဖြင့် လူသားချင်းစာနာကာ ၀ိုင်းဝန်းဖေးမကြပါစို့။
AIDS ရောဂါ ကြုံတွေ့သူ ကြည်ဖြူစာနာ လက်တွဲကူ။
ကိုယ်ချင်းစာနာ နားလည်ပါ သင်လည်း လူသားပါ။
စာရေးသူ - ပန်းရင့်ရောင်ဒီဇင်ဘာလ တစ်ရက်နေ့တွင် ကျရောက်မည့် WORLD AIDS DAY နေ့ကို ဂုဏ်ပြုရေးသားပါသည်။
ရေးသားသူ ပန်းရင့်ရောင် ဒီအချိန်မှာ 12:00 AM 0 ပြောချင်တာတွေ
Labels: ၀တ္ထုတို